Saturday, April 26, 2008

အဲဒီညပေါ့

အဲဒီညလေးမှ ညလေးပါဘဲ
ငါမျက်ဝန်းထဲ ပန်းပွင့်ကလေးတွေကြွေကျစဉ်မှာ
အသည်းကွဲခဲ့ဖူးတယ်
ငါ့မျက်ရည်တွေ ကြွေစေတယ် ချစ်သူ၊

အဲဒီညပေါ့ ငါ့ကဗျာတွေ
ကာရံပျက်အောင် အထီးကျန်
ခြောက်သွေ့တဲ့နေ့ရက်တွေ ဆိုးဝါးလိုက်ပုံများ
ငါလှည်ချောင်းတွေ ရေဆာနေခဲ့တယ်၊

အဲဒီညပေါ့ ၀ိညာဉ်တစ်ခု
ပူအိုက်မွန်းကျပ်တဲ့အခန်းကျဉ်းလေးထဲ
အသက်ရှုရပ်တန့်လောက်အောင်
ငါ့အတွေးတွေ ပိတ်လှောင်နေဖူးတယ်၊

အဲဒီညပေါ့ င့ါရင်ခုန်သံတွေ
ရပ်တန့်သွားလောက်အောင် မင်းကိုချစ်မိခဲ့ဖူးတယ်၊

အဲဒီညပေါ့ မင်းကိုလွမ်းလို
ငါ ညကိုမုန်းမိခဲ့ဖူးတယ် ၊

အဲဒီညပေါ့ အေးစက်တဲ့ သန်းခေါင်ယံမှာ
ချစ်သူရှိရာကြယ်ပွင့်များဆီကို ငါခရီးသွားခဲ့ဖူးတယ်။

Monday, April 21, 2008

ကျွန်တော်၏သူမ

သူမလား တစ်မျီုးလေးတော့ တစ်မျိုးလေးပါဘဲ ၊ ကျွန်တော်သိဖူးသမျှမိန်းကလေးတွေထဲမှာစကား တစ်မျိုးတစ်ဖုံးကလေးသိပ်ထူးဆန်းတယ် . ပြောပုံရော အသံရော ထူးခြားတယ် ။ကျွန်တော်နဲ့အပြီုင် စကားလုပြောနိုင်တာကလည်း သိပ်ကို ရှားပါးတယ်လေ။ သူမက သူလိုရာကိုရောက်အောင် စကားခေါ်ပြီး သူပြောချင်တာကို အရပြောတတ်တယ်။ စကားကို ချိုချိုသာသာ ဘယ်တော့မှ မပြောပါဘူး။ တဖက်သားစိတ်ဆိုးအောင် သိပ်ကိုပြောတတ်တယ်။ သူများစိတ်ဆိုးတာကို ကြည့်ပြီး လောင်ရယ်တတ်သေးတယ်၊ ပျော်တတ်သူလည်းဖြစ်ပါတယ်။ သူမဆီမှာညုင်ညုင်သာသာ စကားပြောတတ်ဖို များများစားစားစကားလုံးသိပ်မရှိပါဘူး။ ဒါပေမယ့် သူမက သိပ်ကို ဆွဲဆောင်မှုရှိတယ် ဒါကလည်း သူမလုပ်ယူထားတဲ့ အရာတွေမဟုတ်ပါဘူး။ သူအသံက ပွင့်လင်းတဲ့စကားသံရယ် ၊ ရိုးသားတဲ့ အသုံးအနှုန်းရယ်ဘဲ ရှာကြံပြီး အကောင်းပြောစရာ ဖြစ်ပါလိမ့်မယ်။ ဟိုစပ်စပ် ဒီစပ်စပ်အကုန်လုပ်ဖူးတော့ ဗဟုသုတလည်းနည်းနည်းတော့ရှိတယ် ။ သူမက နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ တွေကို စိတ်ဝင်စားတယ်။ ဒါပေမယ့်ဖက်ရှင်ဆိုရင်လည်းသူမနှစ်သက်ပါသတဲ့လေ ။
တွေကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်ဒေသ အကြောင်း နှင့် လူတွေအကြောင်းလည်း စိတ်ဝင်တစား ပြောပြတတ်ပါတယ်။ သူပြန်ပြောပြမှ အရာရာက ပိုတောင်စိတ်ဝင်စားစရာဖြစ်လားတတ်သေးတယ်။ သူချစ်တဲ့ အရာတွေကလည်းများသား သူပြောမှ ကန်စွန်းဥကလေးဆိုတာ လူသားတွေကို အကျီုးပြုတဲ့ သဘာဝအလွန်ဆန်ပြီး ဘုရားသခင်က ဖန်ဆင်သတဲ့လေ အဟာရဓါတ်ကြွယ်ဝသလို့ ၊ဈေးသက်သာသလို့၊ နေရာအတော်များများမှာ ရှင်သန်ပေါက်နိုင်လို့ သူမက သိပ်ကိုချစ်ကြောင်း ရှာကြံတွေးပြီးပြောတတ်ပါတယ်။ သူကြောင့်ကျွန်တော်လည်း ကန်စွန်းဦးကို မကြာခဏစားဖြစ်လာခဲ့ပါတယ် ။ ငှက်ပျောသီးကလည်း မွှေးပျံတဲ့ရနံသင်းသလို အရသာသိပ်ရှိလေတော့ သူမချစ်တဲ့အရာထဲမှာ ပါဝင်ပါသေးတယ်။ အပင်ရော အသီးရော အရွက်ရော အဖူးရော လူတွေကိုအကျိုးပြုပါတယ်တဲ့ ။ ရေလောင်းပေးစရာမလိုဘဲ အလိုလိုရှင်သန်နေတဲ့ အကျိုးပြုသစ်တစ်ပင်ဖြစ်လို့ဆိုဘဲ သူပဲကြံဖြန်ပေါက်တတ်ကရတွေကို ချစ်တတ်ပါတယ်။ သူမ၏အဓီကအားသာချက်ထဲတွေထဲမှာ စကားပြောအတတ်လည်းတစ်ခုပါတယ်လို့ ကျွန်တော်ထင်တယ် ။ သူမ အကောင်းပြောလိုတဲ့ အရာကတော့ တကယ်ပြိုင်ဖက်ကင်းဖြစ်နေအောင်ကို သူမက ဖွဲ့နွဲ့တတ်ပါသေးတယ်။ ကျတော်တို့နေစဉ်နေ့တိုင်း ရောက်တတ်ရာရာကို အမြဲတမ်းစကားနိုင်လုပွဲ ကျင်းပကြတယ်။ သူနိုင်ကိုယ်နိုင်အမြဲတမ်း လုပြောကြတယ်။ တစ်ယောက်ကို တစ်ယောက်မှားကွက်ပေါ်မှာ အနိုင်ယူပြီး စကားကို နုင်းပြီးစီးတတ်ကြတယ်။ ကျွန်တော်က အနီုင်လိုချင်တော့ သူမကို စိတ်ဆိုးအောင် အမြဲလုပ်တတ်တယ်။ သူစိတ်ဆိုးရင် သိပ်ကို ချစ်စရာကောင်းပါတယ်။ စိတ်ဆိုးဆိုးနဲ့ ဒေါသသံတွေက ကျွန်တော်ကို ဆွဲဆောင်နိုင်ထားပါတယ်။ ဒါကလည်း သူမကို ချစ်ရတဲ့အကြောင်းလေးတစ်ခုလေးတစ်ခုပေါ့။ သူမပျော်ရွှင်နေချိန်မှာ အရွှမ်းဖောက်ပြီး ဝေဆာနေအောင်ပြောတတ်ပါတယ်။ လူတစ်ယောက်ကို နောက်ရမယ်ဆိုရင် သူမက ဇတ်လမ်းတစ်ပုဒ်ကို ပါးစပ်က လက်တမ်းပြောနိုင်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ အချိန်တော်တော်များများ စကားပြောဖြစ်ကြပါတယ် ကျွန်တော်တို့ပျော်ရွှင်ခဲ့ပါတယ်လေ။
သူမက စကားလမ်းကြောင်းလမ်းလွဲတဲ့နေရာမှာလည်း သိပ်တော်တယ်။ ကျွန်တော်ဘယ်လောက်စကားခေါ်ခေါ် သူမပြောချင်တဲ့အရာဆိုရင် သိသိသာသာ ကို လမ်းကြောင်းပြောင်းလိုက်တတ်ပါတယ်။ သူဆီက တခါတလေကြားရခဲ့တဲ့ ကြင်ကြင်နာနာ စကားသံရယ်၊ သနားစရားဖြစ်ရင် ဂရုဏသက်လိုပြောလိုက်တဲ့စကားလုံးတွေ ကြားထဲ ကျွန်တော် သူကို မစွန့်လွတ်နိုင်ခဲ့ဘူးလေ။ တခါတလေ ဒေါသကြောင့်ဖြစ်တတ်တဲ့ စကားလုံးတွေက နည်းနည်းတော့ ရင့်သီးတယ်။ တဖက်လူကို သူမအားမနာဘဲ တည့်ပြောတတ်တယ်။ သူမစောင့်တတ်တဲ့စကားစည်းကတော့ သိပ်လုံတယ်လို ထင်တယ်။ သူမဟာ သူများအကြောင့်ကို လုံးဝကို မပြောတတ်ဘူး ။ ကျွန်တော်တို့ချစ်တယ်ဆိုတဲ့စကားလုံးကိုပြောဖို့ချန်ထားခဲ့ကြတယ်။ ဘယ်သူမှ စပြီးမပြောခဲ့ကြဘူး။ သူမဟာ ဒီအကြောင်းပြောဖို့ သိပ်ကိုရှက်တတ်သူဖြစ်ပါတယ်။ သူမ ဘယ်တုံးကမှ တစ်ယောက်ယောက်ကို မပြောခဲ့ပုံပေါ်ပါတယ်။ ကျွန်တော်ပြောပြန်ရင်လည်း ဒါကို အဓိကပြသာနာအဖြစ်အတည်းလုပ်ပြီး လေးနက်တဲ့စကားလုံးတွေနဲ့ရင်လေးပြတတ်ပါတယ်။ ဘာကြောင့်ကျွန်တော်တို့ချန်ထားခဲ့သလဲ့ သိပ်ကို မသေချာပေမယ့် သူမရေးတဲ့ကဗျာထဲမှာတော့ သူမက သူချစ်သူကို သိပ်ချစ်ပြတတ်တော့ ကျွှန်တော်ရင်ခုန်မိတယ်လေ။
ဒီလိုရက်လက်ရှည်စွာ ကျွန်တော်တိုနှစ်ယောက်ကြားက နေ့ရက်များစွာမှာ မမြင်နိုင်တဲ့ တွယ်တာမှုကလေးတွေ သံယောဇဉ်လေးတွေက ရစ်နှောင်တွယ်ခဲ့ကြတယ်။ မသိလိုက်မသိသလိုနဲ ကျွန်တော်မသိသော သူမနဲ့ ကျွန်တော်သိသောသူမကြားမှာ တခါတလေကွာဟချက်ကလေးတစ်ချို့ တွေရတတ်တယ်။ မိုက်ကရိုဖုန်းထဲက သူမအသံ သူမအရယ်ကိုဘဲသိသော သူမဟာ ဘယ်လိုမိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုတာကို တခါတလေတွေကြည့်ဖူးပါတယ်။ အေးစက်စက် မပြုံးမရယ်ဘဲ လောကကို အရွှဲတိုက်တဲ့မျက်နာပေးမျိုးဘဲဖြစ်နေလေမလား…
ယနေ့ခေတ် Online ချစ်သူလေးများအမှတ်တစ်ရ

Saturday, April 19, 2008

အိမ်အပြန်လမ်းအတွေးများ

ကျတော်စိတ်တွေ မငြီမ်မသက်ရောက်ချင်ရာရောက်နေခဲ့တာ ညလုံးပေါက်မိုးလင်းတဲ့အချိန်အထိပါဘဲ။ သိပ်ကိုမကြာခင် အချိန်မှာတော့ အိပ်ကိုပြန်ရတော့မယ် ကျတော်အိမ်ပြန်ရတော့မယ်။ အိမ်ဆိုတဲ့စကားလုံး၏အဓီပါယ်ကို တစ်ကယ်သိရှီနားလည်တဲ့အချိန်မှာ ပြန်ရမှာမို့ လိုလိုချင်ချင်ရင်ထဲက အိမ်ကိုပြန်တော့မယ်ဆိုပေမယ့် ကျတော် ၀မ်းမသာနိုင်ဘူးဖြစ်နေတယ် ။ ကျတော့်အိမ်က ကျတော်ကိုပြန်လှောင် နေမယ်လို့ ကျတော်ထင်နေမိတယ် ။ ကျတော်ထွက်လာတုံးက အိမ်ကို စွန်ခွာခဲ့တာကို သိပ်ကိုကြီးကျယ်ခမ်းနားတဲ့မြို့ပြကြီးကို သွားတော့မှာမို့လို့ အားလုံး၏ရှေ့ ကျတော်နှတ်ဆက်ကျောခိုင်းခဲ့တဲ့အချိန်မှာ အိမ်ကြီးက ၀မ်းနည်းစွာကျန်ခဲ့တယ်လေ။ ကျတော့်ကိုမိသားစုအားလုံးက ပြုံးပြလက်ပြကျန်နေခဲ့ပေမယ့် သူတို့အားလုံး ရင်မှာ ငိုခဲ့ကြတယ်လေ။ ကမ္ဘာအဆင့်မှီမြို့ပြကြီးက ကျတော်ကို စီးကြိုပုံသိပ်ကို စိမ်းကားလွန်းလှပါတယ်။ တခြားနိုင်ငံသားတစ်ယောက်ကို လက်ခံနိုင်ဖို့အတွက် ဆေးစစ်ချက်မျိုးစုံကို သူတို့လုပ်ခဲ့ကြတယ် . ကျတော်ဟာဘယ်သူဖြစ်တယ်ဆိုတာကို သိဖို့ရန်ထက် ကျတော်ကို ငှားရမ်းသုံးစွဲတော့မယ် ကျွန်တစ်ယောက်မှာ ရောဂါကင်းရဲ့လားဆိုတာကို အရင်ဆုံးမေးသလိုမျီုးပေါ့၊ဘာတွေတတ်သလဲ ဘယ်လောက်ခိုင်းလိုရနိုင်မလဲဆိုတာကို တွက်ချက်ကြသလို အသက်ကလည်းလုပ်နိုင်မယ့် အရွယ်ကောင်းကို သတ်မှတ်ပြီးငှားရမ်းကြတဲ့တိုင်းပြည်အတွက် ကျတော်မှတ်ကျောက် ပေါ်ရဲရဲကြီးအတက်ခံရဲတယ်။ ကျတော်ကြိုးစားခဲ့တာကို အချိန်များစွာ ပေးပြီး ကျတော်ကြိုးစားခဲ့တာကို ကျတော်အပြင် မိသားစုပိုင်ငွေကြေးမြောက်မြားစွားကို ကျတော်သုံးစွဲပြီး ကျတော် ဒီမြို့ပြကြီးဆီကိုရောက်လာခဲ့ရတာလေ။ ဒါပေမယ့် ဒီမြို့ပြကြီးက သူ၏ချမ်းသာမှုတွေ ဆန်းပြားတဲ့အဆောင်ယောင် အကောင်းစားကြီးတွေက လူတစ်ယောက်ကို နိုင်ထက်စီးနင်းဆက်ဆံဖို့ အတွက်လုံးလောက်တဲ့ ကျောထောက်နောက်ခံတွေဖြစ်လို့ ကျတော်တို့နိုင်ငံမှာ ဧည့်သည်ကို ဧည်ခံပုံက နွေးထွေးလိုက်တာ ရှိတာကိုအကုန်ချကျွေးတယ်။ ဒီမှာတော့ မတူမတန်သလိုအကြည့်ကို မွှေးကတည်းက တတ်လာကြသလိုဘဲ အမှုအရာတွေက စံတင်လောက်တယ် ။ ဒါပေမယ့်ကျတော် အောက်ကျိုးခံပါမယ်လို့ဆုံးဖြတ်ပြီးတဲ့အချိန်မှာကျတော်ဆေးစစ်ချက်ထွက်လာတယ် ။ ကျတော် ဆေးမအောင်းဘူးတဲ့ ၄၈နာရီအတွင်း ကိုယ်နိုင်ငံကို အမြန်ပြန်ရမယ်တဲ့ ကျတော်သာမပြန်ရင် သူတို့တစ်နိုင်ငံလုံး ကျတော်ဆီက ရောဂါတွေစကူးတော့မယ့်အတိုင်းဘဲ ပိုပြီးဝမ်းနည်းစရာကောင်းတာက ကျတော်က ဒီနိုင်ငံကို ဘယ်တော့မှဝင့်ခွင့် မရှီတော့ဘူးတဲ့ အလည်သဘောတောင်လာခွင့်မတော့ဘူးဆိုဘဲ ။ ကျတော်နိုင်ငံကတော့ ကျတော်ဘာဘဲဖြစ်နေနေ အဆုံးစွန်းဆုံး ကျတော်ရောဂါ ဖြစ်လိုဆုံးသွားတဲ့အလောင်းဆိုရင်တောင် သူကလက်ခံရမှာပဲလေ ။ ဆိုးချင်တိုင်းဆိုးခဲ့မိုက်ခဲ့ရင်လည်း ခွင့်လွတ်လက်ခံရမယ်အဖြစ် ကျတော်ကဒီနိုင်ငံမှာ မွှေးခဲ့တာကို ကျတော်ကိုမွှေးရလိုရတဲ့အကျိုးကျေးဇူးက အရှက်တကွဲအကျိုးနည်း ဖြစ်ရတယ်ပေါ့ ဒီနိုင်ငံသားတစ်ဦးပေါ့ ဆေးကျလို့ပြန်သွားရတယ်လို့ သူတို့အတွက်လောင်စရာဖြစ်လို့လေ။ ကျတော်နိုင်ငံကို ပြန်လာတဲ့အတွက် အမေက ၀မ်းသာလိမ့်မယ် ၊ ကျတော်မိသားစုက ၀မ်းနည်းဝမ်းသာကြိုဆိုပါလိမ့်မယ် ကျတော်သုံးခဲ့သမျှ မထင်ထားတဲ့အချိန်မှာပြန်လာရင် ပြန်ရောက်လာတဲ့အတွက် သူတိုဘာမှပြောလိမ့်မယ်မထင်ပါဘူး ။ လူဘာမှမဖြစ်လာတဲ့အတွက် သူတို့ဖြေသာတယ်လိုဘဲ ပြောလိမ့်မယ် ဘာဖြစ်လည်းသားရယ်ငွေဆိုတာပြန်ရှာလိုရပါတယ် ကိုယ်သားလေးကို တွေနေရရင်ကျေနပ်ပါတယ်။ ဒီလိုစကားလုံးတွေအတွက် ကျတော်ပခုံးပေါ်မှာ တာဝန်တွေ မိသားစုအတွက် ကျတော်ကိုလက်ခံနေထိုင်ခွင့်ပေးမယ် နိုင်ငံအတွက် ကျတော်မှာတာဝန်တွေ ထပ်တိုးလားပြီ။ ကျတော်ပြန်သွားရင် အမေလိုဘဲ ကျတော်နိုင်ငံက လက်ခံကြိုးဆိုသလိုပဲ ကျတော်ချစ်သူက ဆေးကျပြီးပြန်လာတဲ့လူတစ်ယောက်ကို ဘယ်လိုကြိုဆိုမှာလည်း သူက
ဝမ်းနည်းဝမ်းသာလက်ကမ်းကြိုဆိုမှာလား ဘယ်လိုကြိုဆိုမှာလည်း ကျတော်သိချင်လိုက်တာ ...

Thursday, April 17, 2008

မတရားလက်ဆောင်

နှင်းဥစိုရုံဖြင့် အာရုံမှာကြွေတတ်တဲ့ ပန်းလို့
ငါမျက်ရည် အညုာမလွယ်တတ်ခဲ့မယ်ဆိုရင်
လေပြေတိုးရုံ မိုးစက်ထိရုံဖြင့်
ငါမျက်ရည်မြေခ ငိုတတ်မယ်ဆိုရင်

တနှင်းတပိုး ချီလွယ်ထားတဲ့
ရင်ထဲကအလွမ်းလည်း ငြိမ်းရောပေါ့ ချစ်သူ၊

နွမ်းရော်တဲ့ ငါ့အလွမ်း
မရွာဘဲ ညိုနေခဲ့တာ ငါရင်ဘတ် ကွဲလုပြီ၊

ကန္တာရဘဲဖြစ်ဖြစ်
နွေလယ်ပဲဖြစ်စေအုံးတော့
အလွမ်းတွေ ငိုချ
မျက်ရည်ကိုစာဖွဲ့ရင် ပင်လယ်တောင် ရှုံးလောက်မယ်၊

နှုတ်မဆက်လိုသူအတွက်
အသည်းကို လမ်းခင်း
ရထားတစ်စင်းကိုယ်တိုင် ဖန်ဆင်းမိခဲ့သူအဖြစ်ပါ၊

လာခြင်းမကောင်းတဲ့ ငါ့အချစ်အတွက်
ဘုရားပေးတဲ့နိုင်ထက်စီးနင်းအလွမ်းတွေ
တစ်ဖက်စောင်းနှင်း လက်ဆောင်တဲ့လား
အပြစ်ပဲလား ချစ်မိခဲ့သူအတွက်လေ…

Wednesday, April 16, 2008

အရောင်ပြယ်ဆုတောင်း

ငါလေ တစ်ချိန်တုံးက အလွမ်းတွေကို ဟိုရှည်လျှားတဲ့ တိမ်တိုက် တိမ်နွှယ် တိမ်စများဆီမှာ မပြီးနိုင် မဆုံးနိုင် တသီတတန်း သီကုံးမိခဲ့ဖူးတယ်။ အိပ်မပျော်တဲ့နေ့ရက်များကြားထဲ ၊ မသေချာတဲ့ တုံ့ပြန်မှုတစ်ခုကို မက်မက်မောမော စိတ်ကူးယဉ်မိခဲ့ အတိတ်တစ်ခု မနေ့က ရက်ဟောင်းထဲငါသိမ်းဆည်းလိုက်ပြီ၊ ငါရင်ဘတ်ထဲ မမြင်ရတဲ့ ရင်နာစရာများတင်ကျန်နေခဲ့ပြီးပေါ့။ တချိန်တုံးက ငါ့အတွေး၊ ငါ့ကမ္ဘာတစ်ခုကို ပုံအပ်ခဲ့ပါလျှက် ကျောခိုင်းစွန့်ခွာသွားတဲ့ လူတစ်ယောက်အတွက် မခိုင်မာတဲ့အိမ်မက်တစ်ခုကို မေ့ပျောက်ဖို့ အပြီးသတ်ပျက်စီးဖို့ ငါဆယ်စုတစ်ခု မင်းအတွက် အချိန်တွေငါပေးမိခဲ့ပါတယ်။ ဒါပေမယ့် ငါပြန်ရလိုက်တဲ့ တုံးပြန်မှုက လုံးဝတိတ်ဆိတ်စွာမင်း ထွက်သွားခြင်ပဲ၊ ဘာမှန်းမသိတဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုများဖြင့် ဒီသံယောဇဉ်လေးကို မင်းဖြတ်ရက်ခဲ့တယ်. ငါဘယ်တုံးကမှ မေ့ဖို့မကြိုစားခဲ့ ဒီသံယောဇဉ်ကြိုးဟာ ခုတော့ အချိန်၊ နေရာ အကွားအဝေး တွေကြားထဲ့ ပြတ်သွားခဲ့ပြီ၊ ဆွေးမြေ့ပျက်စီးသွားခဲ့ပြီ။ တစ်ချိန်တုံးက ငါတို့ကြားထဲ မမြင်ရတဲ့ ကြိုးလေးတစ်ခုရှိခဲ့တယ်လေ၊ ငါဘယ်တုံးကမှ ၀န်မခံခဲ့ပေမယ့် မငြင်းခဲ့တဲ့အဖြစ်၊ မျှော်လင့်ချက်ကြိုးစတစ်ခုနောက်ကို အမိလှမ်းဆွဲနိုင်ဖို့ ငါတို့ကြားထဲက သံယောဇဉ်လေးကို ဖြတ်ခဲ့ကြတယ်။ နောက်ချန်ထားခဲ့ပြီး လိုချင်တဲ့မျှော်လင့်ချက်တစ်ခုအတွက် မရေရာတဲ့လမ်းများစွာထဲ ငါမင်းကို လွမ်းနေခဲ့ဖူပါတယ် ။ ပိုင်ဆိုင်ဖို့ ၊ စွန့်လွတ်ဖို့ မသေချာတဲ့အနာဂတ်တစ်ခုဖြင့် ငါစိတ်တွေအားလုံး မင်းဆီမှာ ပုံအပ်မိခဲ့တဲ့ အဖြစ်လေ၊ မာနဆိုတာ ငါတို့ကြားထဲ နှစ်သက်စရာအကြောင်းမဟုတ်ပေမယ် ငါတို့မလိုလားတဲ့ ဘ၀ပေးအခြေနေကြားထဲ ဘ၀ချိုတဲ့သလိုပဲ ငါတို့၏သံယောဇဉ်ကြိုးဟာ ချိုတဲ့နွမ်းပါးခဲ့ရှာတာတယ်။ ဒါပေမယ် ဘာကြောင့်ပဲဖြစ်ဖြစ်နောက်ဆုံးနှုတ်ဆက်ချိန်လေးမှာတော့ အချက်ပြ နှုတ်ဆက်သွားသင့်တယ် ကျန်နေရစ်မဲ့သူအတွက်လေ ၊ ဒါမှမဟုတ် မင်းထွက်ပြေးသွားခဲ့တာလား ခုတော့ အလွမ်းတွေတစ်ပိုက် အိမ်မက်ရှည်ကြားထဲက ငါအဖြစ်၊ ကြာခဲ့ပါပြီ ဆိုပေမယ့် တိတ်တဆိတ်မင်းထွက်သွားသလိုဘဲ ငါရင်ထဲကသိမ်းဆည်းထားတဲ့ မင်းပုံရိပ်၊ မဖျက်ပဲ ပျယ်ပျောက်သွားတဲ့ မင်းအရိပ် ၊ မလွှင့်ပြယ်စေချင်တဲ့ မျက်ဝန်းများ ၊ ငါနှစ်သက်ဆုံးမင်းရဲ့ နှုတ်ဖျားပေါ်က နုညံတဲ့အပြုံးအေးအေးလေးများ အခုတော့ မေးမိန်သွားခဲ့ပြီး ပူလောင်စေတဲ့ ခံစားချက်တို့ ဘယ်ဆီမှန်းမသိ ငါရင်ထဲမှာ အချိန် အကွာအဝေးမိုင်ပေါင်းများစွာကြားထဲ အေးစက်သွားခဲ့ပြီ။
မမေ့ပျောက်သေးဘဲကျန်နေသေးတဲ့ အမှတ်တရ မွေးနေ့ရက်ကလေးမှာ အဝေးတစ်နေရာကနေ ငါဘာဆုတောင်းပေးရမလဲ၊ မင်းဘာလိုချင်နေသလဲ့ ငါ လည်းမသိပါလား ၊ တစ်ကယ်လိုငါဆုတောင်းခဲ့မယ်ဆိုရင် ငါ အတွက်သာဖြစ်လိမ်မယ့် ငါ ကိုယ်တိုင်လည်း ဘယ်လိုဆုမျိုးဒီအချိန်မှာ လိုချင်မှန်းမသိတဲ့ အဖြစ်လေ၊ တစ်ချိန်က တောင်ခဲ့ဖူးတဲ့ဆုတောင်းတို့ပြယ်ပျောက်ပါစေလို ဆုတောင်းလိုက်ရမလား ဒါမှမဟုတ်
ဖြစ်နိုင်မယ့်ဆိုရင် ပြန်ရနိုင်အုံးမယ်ဆိုရင် အတိတ်ဆီခဏလောက်လိုချင်ပါသေးတယ် ၊ မသေချာခဲ့တဲ့ ငါ တို့ကြားထဲက မင်းရင်ခုန်သံလေးကို ငါကြားချင်မိသေးတယ် ၊ အိပ်ပျော်နေတဲ့ ညနက်နက်ထဲ တိတ်တဆိတ် မင်းရင်ခုန်သံအစစ်မှန်ကိုလေးကို ငါခိုးနားထောင်ချင်ပါတယ် ။ တစ်နေ့တစ်ရက်မှာ အောင်မြင်မှုများ မင်းခြေရင်းမှာ ၀ပ်စင်းခစားစေလို့…

Monday, April 14, 2008

အမှတ်တရ ရူခင်းလေးများ



ဒီပုံလေးတွေကိုကြည့်ပါအုံး သွားရင်းလာရင်းရိုက်ခဲ့တဲ့ပုံလေးတွေဆိုပေမယ့် ဒီနိုင်ငံ၏အလှကို ဖော်ပြနေပါတယ်။ သန့်ရှင်းတဲ့မြို့ကလေးမှန်းသိသာစေသလို အေးချမ်းလှပနေတဲ့ နေရာလေးဆိုတာကို ဖော်ပြနေပါတယ်ရှင်။ အရှေ့အလယ်ပိုင်းဒေသ သဲကန္တာရနိုင်ငံဆိုတိုင်းလည်း ခြောက်သွေ့ပူပြင်းတဲ့နိုင်ငံလို့အများက ထင်ကြမှာပါလေ ဒီပုံလေးတွေကို မြင်ရတာ အထင်နဲ့ကွာဟာချက်တွေရှီနေသလို အသွင်ဘယ်လိုရှီနေတယ်ဆိုတာကို သိနိုင်တာပေါ့ရှင်၊ ဒီနိုင်ငံမှာ ကျွန်းလေးတွေရှီတယ်ရှင့် အာရပ်လူမျီုးတွေ၏ ဓလေရိုးရာအိမ်လေးတွေကို ဆောက်ထားတယ် သဲလွင်ပြင်တွေ ဇွန်ပလောင်သီးပင်တွေ မျက်စီတစ်ဆုံးစိုက်ထားတယ်ရှင် ကျမကြိုးစားပြီးဓါတ်ပုံတွေ သွားရိုက်ပါအုံးမယ်
မဒီ

Tuesday, April 1, 2008

အလ်အင်း(Al lin)






ဒီဓါတ်ပုံလေးတွေကို သာမန်မျှလျှပ်တပြက်ကြည်ရင်ဘာမှထူးခြားတာကို မမြင်နိုင်ပေမယ့် သေချာကြည့်မိရင်တော့ သိပ်ကို အံ့သြစရာတွေကို တွေရပါလိမ့်မည်။ မိုးဆိုတာတစ်နှစ်လုံးနေမှ တစ်ရက်လောက်မိုးဖွဲကျတဲ့တိုင်းပြည်မှာ သစ်ပင်ဆိုတာသိပ်ကိုရှားပါတဲ့ အရာပေါ့ရှင် ။ ကျောက်ဆောင်ကျောက်တောင်တွေသာ တစ်သီတစ်တန်း တွန့်လိမ့်ကောက်ကွေးနေတဲ့ တောင်စောင့်တွေမှာ အပင်တစ်မျိုးကို လူအင်အားဖြင့် ရေဖြန်းစိုက်ပျိုးနေတာကိုတွေရပါတယ်။ မြက်လိုထင်ရပေမယ့် မြက်က ဒီလောက်ပူတဲ့အရမှာ ရှင်ဖိုမလွယ်ပါဘူး။ ကျောက်တောင် စောင်းတွေကို ဖြိုချပြီးမြေဖို့ကာ အပင်စိုက်နိုင်တာကို ချီးချူးစရာကောင်းပါတယ်။ ငွေဘယ်လောက် ကုန်မယ်ဆိုတာတော့ မတွေးဝံ့စရာပါဘဲ။ တောင်ကိုဖောက်ထားတဲ့ လမ်းအတိုင်းတက်သွား မယ်ဆိုရင်တော့ တောင်တိပ်ပေါ်မှာ အဆင့်မြင့်ဟိုတယ်တစ်ခုဆောက်နေတာကို တွေရပါသေးတယ်။ ဒီမြို့ကလေးဟာ ကျေးလက်သာသာ ကျယ်ဝန်းပေမယ့် သဲကန္တာရအစပ်ရပ်ဝန်းတစ်ခုကို စိမ်းစိုအောင် ဖန်တီးတဲ့နေရာမှာ တော့ ဒူဘိုင်းမြို့က နောက်ကျကျန်ခဲ့ပါတယ်။ တိရိစ္ဆာန်ဥယျာဉ်တစ်ခုကို ဒီကျောက်ဆောင်အောက်မှာ ဆောက်ထားပါသေးတယ်။ ရေပူစမ်းတွေရှိတဲ့အရပ်လည်းဖြစ်ပါတယ်။ အထပ်မြင့်တိုက်တွေမရှီဘဲ ဒေသခံလူမျိုးတွေအများစုနေထိုင်တဲ့ရိုးရားအိမ်လေးတွေအများကြီး ကို မြင်တွေနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ သစ်ပင်တွေထူထူထပ်ထပ်၊ သဲကန္တာရလွင်ပြင်ရူခင်းတွေ၊ ကျောက်တောင်တွေက ခရီးသွားတွေကို ဆွဲဆောင်နိုင်စွမ်းရှီပါတယ်။ အညှာကို တောင်ရောက်သွား သလိုပါဘဲ ထန်းပင်တော့ မဟုတ်ပေမယ့် ဇွန်ပလောင်းပင်တွေက နေရာတိုင်းမှာမြင်ရသလို ပူပြင်ခြောက်သွေ့တဲ့အငွေ့ အသက်တွေပေါင်းလိုက်တော့ သူငယ်ချင်းတစ်ယောက်က အိမ်ကို အရမ်းလွမ်းလိုက်တာလို့ ပါးစပ်ကျပြောပြလောက်အောင် ကို တူပါတယ်။ မတူတာ က တော့ မြန်မာနိုင်ငံမှာ အပင်ဆိုတာ မခုတ်ဘဲကြာကြာထားရင် တောဖြစ်သွားပြီး ဒီနိုင်ငံမှာတော့ တကူးတက လူအင်အား ငွေအင်းအားနဲစိုက်ပျီုးထားတာသာ ကွာဟချက်ရှီပါတယ်။

အလ်အင်းအမှတ်တရ